ပရိတ်ကြီး ၁၁ သုတ် ဆိုတာ

ပရိတ်ကြီး ၁၁ သုတ် ဆိုတာ

ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။…

စိတ် (Mind) ဆိုတာ

(ဆရာမကြီးဓမ္မဗျူဟာဒေါ်ခင်လှတင်၏ရှင်းလင်းချက်) အနောက်တိုင်းဆေးပညာအရ ကျမတို့မှာသိစိတ်(conscious mind) နဲ့ မသိစိတ်(unconscious mind)ဆိုပြီးနှစ်မျိုးရှိတယ်၊စိတ်တွေဟာဦးဏှောက်ထဲမှာဖြစ်တယ်လို့ယူဆတာပဲရှိပါတယ်။ဒါပေမဲ့ ဦးဏှောက်ကို ခွဲစိပ်တာတောင်မသိပါဘူး။ကျေးဇူးတော်ရှင်မြတ် ဘုရားရဲ့ တရားတော်အရတော့ သိစိတ် အမျိုးပေါင်း ၁၂၁ မျိုး…

သိကြားသာသနာ(ဓမ္မပဒကျမ်း မှ တင်ပြအပ်ပါသည်)

သိကြားသာသနာ ဆိုသည်မှာ- သာသနာ(၅၀၀၀)- ခေတ်(၅)ခေတ် ၁။ ဝိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀)- ဘုရားပွင့်ချိန်မှစပြီး နှစ်ပေါင်း(၅၀၀)အတွင်း ဝိမုတ္တိယုဂခေတ်ဖြစ်သောကြောင့်    စျာန်မဂ်ဖိုလ် တရားထူးများ   ဖြိုင်ဖြိုင်ရကြသည်။ ၂။ သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၁-၁၀၀၀)-သမာဓိတည်ရုံမျှသာဖြစ်သည်။ ၃။ သီလယုဂခေတ် နှစ်ပေါင်း(၁၀၀၁-၁၅၀၀)-သီလဦးစားပေးသောခေတ်ဖြစ်သည်။ ၄။ သုတယုဂခေတ်  နှစ်ပေါင်း(၁၅၀၁-၂၀၀၀)- စာပေဗဟုသုတ ဦးစားပေးသောခေတ် ဖြစ်သည်။ ၅။ ဒါနယုဂခေတ် နှစ်ပေါင်း(၂၀၀၁-၂၅၀၀)- ဒါနပြုမူသာ အားသန်ကြသောခေတ် ဖြစ်သည်။ ထိုမှလွန်သော် ဝိမုတ္တိယုဂခေတ်သို့ ပြန်လည်လှည့်ဝင်လာသည်။ သာသနာနှစ်(၂၅၀၀) ကောဇာသက္ကရာဇ်(၁၃၁၈)ခုနှစ် ပြည့်ပြီးသည်မှစ၍ #ဝိမုတ္တိယုဂခေတ်သို့  ပြန်လည် ဆိုက်ရောက်လာသည်။  ကောဇာသက္ကရာဇ်(၁၃၁၉) ခုနှစ်မှ (၁၈၁၉)ခုနှစ်အတွင်းသာ ဝိမုတ္တိယုဂခေတ်ဖြစ်ပေသည်။  ဝိမုတ္တိယုဂခေတ်မှလွဲ၍ ကျန်ခေတ်များတွင် မဂ်ဖိုလ် တရားထူးများ ရရန် မလွယ်ကူတော့ချေ။  သတ္တဝါတို့၏စရိုက်သဘာဝကိုလိုက်၍ ဓမ္မက္ခန္ဓပေါင်း(၈၄၀၀၀) ပိဋကတ်(၃)ပုံဟု ဆိုအပ်သော (သုတ်၊  ဝိနည်း၊  အဘိဓမ္မာ) များ ဟောကြားခဲ့သော်လည်း ဗုဒ္ဓ၏အဓိကရည်ရွယ်ချက်မှာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တရား အားထုတ်နိုင်ရန်သာ ဖြစ်သည်။ နိဗ္ဗာန်ရောက်နိုင်ရန်လူ့ဘုံမှသာ ကျင့်ကြံအားထုတ်ပြီး ရရှိနိုင်ပေသည်။ ထိုကြောင့် မြတ်စွာဘုရားသည်လူ့ပြည်၌သာပွင့်တော်မူခဲ့ပေသည်။…

ဝိပဿနာ Vipassana

ဝိပဿနာ Vipassana ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်း၊ အထူးရှုမှတ်ခြင်း ဟု အဓိပ္ပါယ်ရရှိသည်။ တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်” ကို…