Depression ; Stress and Anxiety ဆိုတာ

ဒီခေါင်းစဉ် ၃ လုံးရဲ့ အဓိပ္ပါယ်က မြန်မာလို စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးခြင်းနဲ့ စိတ်ပူပန်ခြင်း လို့ဆိုလိုပီး ဘဝမှာ ဒုက္ခအပေးဆုံးနဲ့ ၊ ရုပ်အို၊ဆံပင်ကျွတ်ဖြူ၊ရောဂါထူခြင်း၊ အသက်တိုခြင်း သာမက အရွယ်မတိုင်ခင် အသက်ပါ ဆုံးရူံးရတဲ့ အထိကြီးကျယ်သွားနိုင်တာကို သတိပြုရန် လိုပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သိသိသာသာမဟုတ်တဲ့ အသံတိတ် လူသတ်သမားဖြစ်လို့ပါ။

 စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးခြင်းနဲ့ စိတ်ပူပန်ခြင်း ဟာ ကာလနဲ့ ပိုင်းခြားလိုက်ရင် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်အတွေးတွေကြောင့်လို့ ပိုင်းခြားလို့ရတယ်ပေါ့၊ 

ပီးသွားတဲ့အတိတ်ကိုတွေးပီးစိတ်ညစ်နေမယ်၊မကျေနပ်ချက် တွေများလာမယ်၊ဆိုတာနဲ့ စိတ်ဓါတ်ကျတဲ့ရောဂါအစပြုလာပီပေါ့၊အတိတ်ဆိုတာ သမိုင်းတခုအနေနဲ့ အမှတ်ရ၊ သင်ခန်းစာယူစရာဆိုပေမဲ့ ပီးသွားပြီဖြစ်တဲ့အရာကို အခု ဆက်ပီးခံစားနေတာ သဘာဝမကျဘူးလေ။ ပီးသွားပီဆိုမှတော့ ဘာတတ်နိုင်ဦးမှာလည်း၊လက်ရှိဘဝကိုဆွဲခေါ်ပီး အခုအပျော်လေးတွေကိုဖျက်ဆီးပစ်မှာလား စဉ်းစားစရာပေါ့။

အခုဖြစ်စဲ ကာလ နဲ့ပါတ်သက်ရင်တော့ ဘာဖြစ်ဖြစ် စိတ်ဖိစီးနေတာက အသုံးမဝင်ဘူးလေ၊ပြဿနာဖြစ်တိုင်းဖြေရှင်းဘို့ နည်းလမ်းရှာမှ အဖြေ ပေါ်မှာပေါ့ ၊စိတ်ဖိစီးနေလို့ အဖြေမှ ထွက်မလာတာ။ပိုဆိုးတာက ပြဿနာတခုဖြစ်လို့ အဖြေရှာရင် စိတ်ဖိစီးနေတာနဲ့ အကြံမထွက်ဖြစ်တတ်တာ အဆိုးဆုံးပါ။

နက်ဖန်ဆိုတာက မရောက်သေးတော့ ကိစ္စတခုခုရှိရင် ကြိုပီး plan ချလို့ရပေမဲ့ ကြိုပီးပူပန်နေလို့ လက်ရှိဘဝလေးကိုဖျက်ဆီးပစ် မှာ က မတန်ဘူးလေ။ လက်ရှိဘဝက ခဏဆို အတိတ်ကာလရဲ့ အဖွဲ့ဝင် ဖြစ်တော့မှာ၊ ပြန်မရတော့ ဘူး မဟုတ်လား။

အတိုချုပ်လိုက်ရင် အတိတ်ကို ကြည့်ပီး တွေးမနေနဲ့ စိတ်ကျရောဂါရတတ်တယ်။

အခုလက်ရှိဘဝမှာလည်း ပြဿနာတိုင်းဟာ အဖြေရှိတယ်ဆိုတော့ နည်းလမ်းသာစဉ်းစား ပါ စိတ်ဖိစီးမူတွေ မဖြစ်အောင်နေ။

အနာဂါတ်ကို ကြိုတင်အစီစဉ်ဆွဲလို့ရပေမဲ့ ပူပန်မနေနဲ့ ဖြစ်စဉ်တိုင်းဟာ သူ့အကြောင်း သူ့အကျိုးနဲ့ သွားနေတော့ ကိုယ်ထင်တဲ့ အတိုင်းဖြစ်ချင်မှဖြစ်မယ်လေ။

ဒီလိုခံယူချက်လေးတွေနဲ့ နေ့စဉ်ဘဝကိုဖြတ်သန်းရင်း ပျော်ရွင်ချမ်းမြှေ့တဲ့ ဘဝများပိုင်ဆိုင်နိုင်ကြပါစေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply