တရား အသိဖြင့်နေခြင်း

အဘိဓမ္မာ လေ့လာဘူးရင် နေ့စဉ်ဘဝဖြတ်သန်းရာမှာ သတိမထားရင်အကုသိုလ် ကင်းတဲ့အချိန်ကရှားတာတွေ့ရမယ်။ ဘာလုပ်လုပ် အကုသိုလ် ၁၂ ပါးကမလွတ်ဘူး။ အစာ စားချိန် ၊ တောင် မလွတ်ဘူး၊ သတိလေးကပ်ထားမှ လွတ်တာ၊ အမြဲမပြတ်လေ့ကျင့်နေမှ သတိဆိုတာရှိတာ၊ အဲဒီအတွက် တရားမှတ်နည်းကအချိန် အားတဲ့အခါ မျက် စိ ခဏမှိတ် ၍ မိမိ ကိုယ် ခန္ဓာ ကို ပထမဆုံး အာရုံပြုကြည့် လိုက် ပါ ၊ အထင် ရှားဆုံး တခုခု တွေ့ ရမယ်။ အဖြစ်နိုင်ဆုံးက တော့ အသက်ရှု သွင်း ထုတ် လို့ လူပ်ရှားနေတဲ့ နေရာတခုခု၊ ဝမ်းဘိုက် သို့မဟုတ် နှာသီးဖျား လေဝင်လေထွက် စသဖြင့် ထင်ရှား ဆုံးတခုခုကို အာရုံထား၍ သိနေပါ။ ဆက်တိုက် သိနေပါ၊ သိရင်း သိရင်း နဲ့  တခြား ကို အာရုံ မပြောင်း ဘဲ သိနေတာ ဟာ သမာဓိထူထောင် တာ ၊ သမာဓိ တက်အောင် လုပ်တာဖြစ်တယ်။ မိမိ ကိုယ် ခန္ဓာ ကလွဲ၍ အပြင် အာရုံတွေ ကို ဖြတ်ပါ၊ အကောင်အထည် ရှိတဲ့ ခန္ဓာရဲ့ လူပ်ရှား မူ့ တွေ က အထင်ရှားဆုံး ကို ဆက်တိုက် သိနေရင်း မှ တဖြည်းဖြည်း အကောင်အထည်ခန္ဓာကြီး မှ သဘာဝလက္ခဏာ တွေ စတွေ့လာမယ်၊ ပူခြင်း အေးခြင်း သဘော ၊ တွန်းကန် တဲ့သဘောတွေ၊ မာတဲ့ သဘော၊ ပျော့ တဲ့ သဘော တွေ ၊ယိုစီးခြင်း ဖွဲ့စည်းခြင်း သဘောတွေ ဟာ အဆက်မပြတ် ဆက်တိုက် တခု ပြီးတခု ဖြစ်နေတာ သိလာမယ်။ မိမိ ပြုလုပ်တာ မဟုတ်ဘဲ သဘောတွေ ဟာ သူ့ဘာသာ သဘဝ အတိုင်း ဖြစ်နေပျက်နေတာ ကို သတိလေး နဲ့ သိနေတာဟာတရား အသိဖြင့်နေခြင်းဖြစ်တယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply