သိကြားသာသနာ ဆိုသည်မှာ- သာသနာ(၅၀၀၀)- ခေတ်(၅)ခေတ်
၁။ ဝိမုတ္တိယုဂခေတ် နှစ်ပေါင်း(၅၀၀)- ဘုရားပွင့်ချိန်မှစပြီး နှစ်ပေါင်း(၅၀၀)အတွင်း ဝိမုတ္တိယုဂခေတ်ဖြစ်သောကြောင့်
စျာန်မဂ်ဖိုလ် တရားထူးများ ဖြိုင်ဖြိုင်ရကြသည်။
၂။ သမာဓိယုဂခေတ် နှစ်ပေါင်း(၅၀၁-၁၀၀၀)-သမာဓိတည်ရုံမျှသာဖြစ်သည်။
၃။ သီလယုဂခေတ် နှစ်ပေါင်း(၁၀၀၁-၁၅၀၀)-သီလဦးစားပေးသောခေတ်ဖြစ်သည်။
၄။ သုတယုဂခေတ် နှစ်ပေါင်း(၁၅၀၁-၂၀၀၀)- စာပေဗဟုသုတ ဦးစားပေးသောခေတ် ဖြစ်သည်။
၅။ ဒါနယုဂခေတ် နှစ်ပေါင်း(၂၀၀၁-၂၅၀၀)- ဒါနပြုမူသာ အားသန်ကြသောခေတ် ဖြစ်သည်။
ထိုမှလွန်သော် ဝိမုတ္တိယုဂခေတ်သို့ ပြန်လည်လှည့်ဝင်လာသည်။ သာသနာနှစ်(၂၅၀၀) ကောဇာသက္ကရာဇ်(၁၃၁၈)ခုနှစ် ပြည့်ပြီးသည်မှစ၍ #ဝိမုတ္တိယုဂခေတ်သို့ ပြန်လည် ဆိုက်ရောက်လာသည်။
ကောဇာသက္ကရာဇ်(၁၃၁၉) ခုနှစ်မှ (၁၈၁၉)ခုနှစ်အတွင်းသာ ဝိမုတ္တိယုဂခေတ်ဖြစ်ပေသည်။
ဝိမုတ္တိယုဂခေတ်မှလွဲ၍ ကျန်ခေတ်များတွင် မဂ်ဖိုလ် တရားထူးများ ရရန် မလွယ်ကူတော့ချေ။
သတ္တဝါတို့၏စရိုက်သဘာဝကိုလိုက်၍ ဓမ္မက္ခန္ဓပေါင်း(၈၄၀၀၀) ပိဋကတ်(၃)ပုံဟု ဆိုအပ်သော (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) များ ဟောကြားခဲ့သော်လည်း ဗုဒ္ဓ၏အဓိကရည်ရွယ်ချက်မှာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တရား အားထုတ်နိုင်ရန်သာ ဖြစ်သည်။
နိဗ္ဗာန်ရောက်နိုင်ရန်လူ့ဘုံမှသာ ကျင့်ကြံအားထုတ်ပြီး ရရှိနိုင်ပေသည်။ ထိုကြောင့် မြတ်စွာဘုရားသည်လူ့ပြည်၌သာပွင့်တော်မူခဲ့ပေသည်။
နတ်ပြည်(၆)ထပ်နှင့် လူ့ဘုံသည် သုဂတိဘုံ (၇)ဘုံဖြစ်ပြီး အပါယ်(၄)ဘုံသည် ဂ္ဂတိဘုံ ဖြစ်သည်။ လူ့ဘုံမှ နိဗ္ဗာန်ကို ရရန် ကျင့်ကြံသည့်နည်း သုံးနည်းရှိသည်။
၁။ ကံ လ မ်း- ဒါန၊ သီလဆောက်တည်၍ ကျင့်ကြံအားထုတ်သည့် လမ်း–
၂။ စျာန်လမ်း- သမထတရား ကျင့်ကြံအားထုတ်သည့် လမ်း–
၃။ ဉာဏ်လမ်း ဝိပဿနာပွား၍ အားထုတ်သည့်လမ်း– တို့ ဖြစ်ကြသည်။