အသက် ၆၀ ကျော်ဗုဒ္ဓဘာသာဝင် စစ်စစ်

သင်ဟာ အသက်၆၀ ကျော် ဗုဒ္ဓဘာသာဝင်စစ်စစ်တယောက် သံသရာလွတ်မြောက်ရာရှာနေသူတယောက်ဆိုလျှင် ဘုရားစာတွေရွတ်ရင်း အချိန်ကုန်ရမဲ့အရွယ်မဟုတ် တော့၊ အန္တရာယ်ကင်း ဘို့လဒ်လာဘ တွေ ရဘို့ အတွက် ဆုတောင်းနေရမဲ့အရွယ်မဟုတ်တော့၊ ကံ…

စိတ်ဝင်စားစရာ “ဇော” အကြောင်း

ဇောအကြောင်း မတင်ပြခင် မြတ်စွာဘုရားဟောထားခဲ့တဲ့ စိတ် တစ်ခု ဖြစ်စဉ် ရဲ့အမြန်နုန်း ထားဟာအသေးဆုံး အတိုင်းတာ ကာလ အားဖြင့် "ခဏငယ်" လို့ခေါ်ပီး ၊သုံးခဏငယ် ကို ခဏကြီးတစ်ခု လို့ခေါ်သည်။ မျက်စိတမှိတ် လျှပ်တပြက် လက်ဖျစ်တတွက် အချိန်ကာလ အတွင်း၌ ခဏကြီးစိတ်ပေါင်း ကုဋေတသိန်းမကဖြစ်တယ်လို့ဆိုသဖြင့် စိတ်ဖြစ်ခြင်းဟာ အရမ်းလျှင်မြန်လွန်း၍ မိမိစိတ်ရဲ့ဖြစ်စဉ်ကို ချက်ခြင်းသိဘို့ရာ မဖြစ်နိုင်။ဖြစ်ပီးမှသတိထားကြည့်နိုင်သည်။ စိတ်တခုရဲ့လျှပ်တပျက်ဖြစ်စဉ် အဆင့်ဆင့် ထဲကမှ ဇောတွေရဲ့ဖြစ်စဉ်က စိတ်ဝင်စားဘို့ကောင်းပီးနားလည်ထားဘို့သင့်တဲ့အဆင့်များဖြစ်တာကိုတွေ့ရမယ်။ ဇော ဆိုတာ လျှင်မြန်ခြင်း၊အရှိန်အဟုန်နဲ့ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရပီး ၊အရှိန်အဟုန််ဆိုတဲ့ အဓိပ္ပါယ်ကပိုမှန်တယ်လို့ ဆိုပါတယ်။ အလွန်လျှင်မြန်တဲ့ စိတ်တခုဖြစ်ပုံ အစဉ်အတန်းအဆင့်ဆင့်မှ  ဇောစိတ်သည် ရ-ကြိမ်တိုင်ဖြစ်သည်။ဇောစိတ် ၃ မျိုးရှိပီးကုသိုလ်ဇော၊အကုသိုလ်ဇော၊ရဟန္တာမှာသာဖြစ်သော ကြိယာဇော တို့ဖြစ်ကြသည်။ ပထမအကြိမ် ဇောသည် ပဋိသန္ဓေဖြစ်ခြင်းကိုအကျိုးမပေး ဘဲ ယခုလက်ရှိ ဘဝအကျိုးကိုပေးနိုင်၏။အကယ်၍အကျိုးပေးခွင့်မကြုံပါကဘယ်သောအခါမှ အကျိုးမပေးတော့ ပထမဇော ကံအကျိုးပျက်၏။ ဒုတိယဇောမှဆဋ္ဌမဇောထိ အကျိုးပေးပုံမှာ တတိယဘဝမှ စတင်၍ ပဋိသန္ဓေအကျိုးနှင့် ပဝတ္တိအကျိုး(မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြား)တို့ကို ဘ၀ သံသရာ မပြတ်မခြင်းအကျိုးပေးတော့မည်ဖြစ်ပေသည်။ သတ္တမဇော(သို့)နောက်ဆုံးဇောမှာ ဒုတိယ-လာ မည့်ဘ၀ ပဋိသန္ဓေကျိုးကို အကျိုးပေးနိုင်သည့်အပြင်ပဝတ္တိကျိုး ကိုလည်းပေးနိုင်သည်။  အကျဉ်းအားဖြင့် အလွန်လျှင်မြန်သောစိတ်တခု၏ ဇော ၇ တန်အကျိုးပေးချက်များသည် ယခု ဘဝသော်လည်းကောင်း လာမည့်ဘဝများကိုလည်းကောင်း ကံအကျိုးပေးများ ဖြစ်စေသဖြင့် စိတ်ရဲ့ကုသိုလ် အကုသိုလ် ဖြစ်စဉ်များကို ထပ်ချပ်မကွာသတိလေးထား သိနေခြင်းဖြင့် ဘဝအကျိုးပေးကောင်းစေပြီး သံသရာမှလွတ်ကြောင်း ပါရမီဖြည့် ရာရောက်သည်။ ငြိမ်းချမ်းသည့် ဘဝ ကို ပိုင်ဆိုင်နိုင်သည်၊ဝဋ်ကြွေးများမှ ကင်းဝေးစေသည်။ အထူးသဖြင့် ကွယ်လွန်ခါနီး နောက် ဆုံး ဖြစ်သောစိတ်တွင် သတ္တမဇော(သို့)နောက်ဆုံးဇောမှာ ဒုတိယ-လာ မည့်ဘ၀ ပဋိသန္ဓေ ဖြစ်မည့် လားရာဖြစ်၍ကုသိုလ်စိတ်ဖြစ်ရန် အလွန်အရေးကြီးသည်။ မသေခင်ကတည်းက စိတ်ကို အမြဲသတိနဲ့ ကုသိုလ်စိတ်၊အားလုံးပေါ်မေတ္တာအတတ်နိုင်ဆုံးထားနိုင်တဲ့စိတ်ဖြစ်အောင်လေ့ကျင့်ပါ။  သံသရာတလျောက် ဝဋ်ကင်းပြီး ငြိမ်းအေးသည့် ဘဝပိုင်ဆိုင်ရန်လက်တွေ့ကျသည့် မိမိဖြစ်ပျက်နေတဲ့စိတ် အစဉ်ကိုသိနိုင်၍မေတ္တာကုသိုလ်ပွါးနိုင်အောင်ကြိုးစားနိုင်ကြပါစေ။