မနက်စောစော အလုပ်သွားမလို့အမှောင်ထဲကနေတံခါးဖွင့်ပြီးအိမ်အပြင်ထွက်လိုက်တဲ့ အချိန် လင်းထိန်နေတာနဲ့ရုတ်တရက် အံဩစွာကြည့်လိုက်တော့ လပြည့်ဝန်းကြီးထိန်ထိန်သာနေပါလား၊ ဒီလိုအရသာမျိုးလေးကိုငယ်ငယ်တုန်းက ရခဲ့ဘူးတာ အမှတ်ရမိနေတုန်း၊သောမနဿ ဝေဒနာလေးဖြစ်နေတုန်းပေါ့ ၊ဗြုန်းဆို ခြံတံခါးဝဆီရောက်လာတော့ နာမည်ကြီးသူခိုးငတက်ပြားတောင်ထိုင်ငိုရမဲ့ ခြံတံခါးသော့အဖွင့်အပိတ် ကို မမှောင့်တမှောင်အလင်းရောင်ထဲကနေသတိထားဖွင့်ပိတ်လုပ်နေတော့လမင်းကြီးကို ဂရုမစိုက်အား၊ဥပက္ခာဝေဒနာ အတိုင်းသားနဲ့ရှိနေခဲ့။ အဲဒီနောက် လရောင်ပြပြမရှိတော့တဲ့ တိုက်ခန်းတွေရှေ့ကဖြတ်လျှောက်လာတော့ လမင်းကိုမေ့ သွားတယ်၊လမ်းရှေ့ကိုဂရုစိုက်ပီး တခြားစိတ်တွေနဲ့တခြားဝေဒနာတွေဆက်တိုက် အပြည့်၊မေတ္တာပို့ တဲ့အချိန်တော့ ၊သောမနဿဝေဒနာလေးရှိနေတာ သတိပြုမိပြန်တယ်။ အော် စိတ်က တခဏတွင်း ကုဋေနဲ့ချည်ဖြစ်ပျက်နေတော့လည်း လိုက်လို့ မမှီ မသိန်းကြည်ပါ။ Ave U လမ်းမပေါ်ရောက်တော့ ဖိုးလမင်းကြီးနဲ့ရှေ့တည့်တည့် ပြန်ဆုံ ကြပြန်တယ်တယောက်တလှည့်နှစ်အတော်တန်ကြာခွဲပီး ပြန်တွေ့ရသလို အငမ်းမရကြည့်နေချိန် တိမ်မည်းတွေက အပြေးအလွားနဲ့ ဖုံးပစ်လိုက်တာနဲ့ နှုတ်မဆက်ဘဲထွက်ခွါသွားတယ်လေ၊ ဒေါမနဿဝေဒနာနဲ့ ကျန်ခဲ့ယုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ ခွဲခွါခြင်းဆိုတာ သူလည်းခွဲခွါ ကိုယ်လည်းခွဲခွါရဦးမှာဘဲ။ သဘာဝ တရားအတိုင်းနေတတ်အောင်…