သင်ဟာ အသက်၆၀ ကျော် ဗုဒ္ဓဘာသာဝင်စစ်စစ်တယောက် သံသရာလွတ်မြောက်ရာရှာနေသူတယောက်ဆိုလျှင် ဘုရားစာတွေရွတ်ရင်း အချိန်ကုန်ရမဲ့အရွယ်မဟုတ် တော့၊ အန္တရာယ်ကင်း ဘို့လဒ်လာဘ တွေ ရဘို့ အတွက် ဆုတောင်းနေရမဲ့အရွယ်မဟုတ်တော့၊ ကံ ရဲ့ အကြောင်းကျိုး၊ စိတ်၊ရုပ်၊နိဗ္ဗာန်၊ ပရမတ်၊ပညတ်သဘောတွေ ကြေကြေလည်လည် သိပီးနေရမယ်။ ၂၄ နာရီပတ်လုံး စိတ်ရဲ့ ဖြစ်ပျက်နေတာတွေ သတိနဲ့ စောင့်ကြည့်တဲ့ အလေ့အကျင့်ရှိနေရမယ်၊ ဒါမှ ကုသိုလ်
စိတ်နဲ့ နေနေတာလား ၊ အကုသိုလ်စိတ်နဲ့နေ နေတာလား သတိထားမိပြီး ဆင်ခြင်နိုင်မှာပေါ့ ၊အကုသိုလ် ဆိုတာ အစာစားနေတာတောင် မစားတတ်ရင် အကုသိုလ်ဖြစ်တာဘဲလေ။
ဘာစိတ်ဖြစ်ဖြစ် ပညတ်ကို အလေးထားကြည့်ရင် အစွဲတွေတက်မယ်၊လောဘ ဒေါသ မောဟ တွေ တက်မယ်။ ဒါတွေဟာ အကုသိုလ် ကံတွေရဲ့ အရင်းခံတွေပေါ့။ စိတ်ကို ပညတ်မပါ သဘာဝ လေးတိုင်း သာထားတတ်ရင် ဆုတောင်းစရာ မလိုဘဲ ငြိမ်းချမ်းတဲ့ ဘဝ ကိုပိုင်ဆိုင်နိုင်တယ်။ သေသွားရင် ကိုယ့်နောက်ပါတာဆိုလို့ ပြုသမျှ ကံတွေသာ အရိပ်ပမာ ကပ်ပါလာတာ၊ သေတယ်ဆိုလို့ အသက်ရှူရပ်သွားပီးခွေးဟောင်တဲ့ ဒီခန္ဓာကြီး မလှုပ်တော့တဲ့အချိန်လို့မထင်နဲ့၊ အသက်ရှူ ထုတ်သွင်းတိုင်း ဆဲလ်ဟောင်း တွေသေလို့ ဆဲလ် အသစ်တွေဖြစ်နေတာ၊ ဒါ့ကြောင့်ရုပ်တွေက မှန်ထဲကြည့်ရင် ငယ်တုန်းကနဲ့တူလို့လား၊
ရုပ်တွေ စိတ်တွေဟာ စက္ကန့်မလပ် သေနေပြီး၊အသစ်တွေနဲ့ အစားထိုးနေတာ ပဲလေ၊ ဘယ်လို ပုံစံ အသစ်တွေဖြစ်နေလဲဆို တော့ ကိုယ်ပြုခဲ့တဲ့ အလုပ်ပေါ် မူတည်ပြီး တနည်းအားဖြင့် ကံ လို့ခေါ်တဲ့ အရာပေါ်မူတည်ပီး တယောက်နဲ့တယောက် မတူကြဘဲ မဆုံးသော သံသရာပေါ်မှာ သေလိုက်ဖြစ်လိုက်ပေါ့။ အနိစ္စဆိုတာ မမြဲဘူး၊ အနတ္တ ဆိုတာ အရာရာ ကိုယ်ဖြစ်ချင်သလိုမဖြစ်ရဘူး၊အစိုးမရဘူးဆိုတာ လူတိုင်းလက်ခံနိုင်ပေမဲ့ ၊ သံသရာမှာ ဒုက္ခ ရဲ့အဓိပ္ပါယ်ကိုနားလည်ဘို့ကခက်တယ်။ ရုပ် နဲ့ စိတ် နာကျင်ခံစားနေရမှ ဒုက္ခမဟုတ်၊ အသေ သို့မဟုတ် အဟောင်းချုပ်ရာကနေ အသစ်တွေ ဖန်တလဲလဲဖြစ်နေကို သဘာဝတိုင်းမမြင်ဘဲ စိတ်အလို အတိုင်းထင်မြင်ရင်းခံစားနေတာဟာဒုက္ခဖြစ်တယ်။ ဒုက္ခလို့ မမြင်တာဟာ စိတ်ရဲ့ အသစ်ကို လိုချင်တတ်တဲ့ ပြင်းပြတဲ့ဆန္ဒ က အပြည့်လွမ်းမိုးနေတာကြောင့်ဖြစ်တယ်။ လိုချင်တယ် စွဲလမ်းတယ် အားထုတ်တယ် ပေါ့၊ အသက်ရူချင်တဲ့စိတ်ပြင်းပြလွန်းတော့ရူဘို့အားထုတ်တယ်၊ရူရတာဒုက္ခလို့မမြင်၊ ကြပ်ကြပ်တည်းတည်းရူရတဲ့အခါကြမှ ဒါဟာ ဒုက္ခဘဲလို့မြင်သလိုပေါ့။
ဖြစ်ခြင်းပျက်ခြင်းသံသရာဟာ သဘာဝတရားပေမဲ့ သက်ရှိအဖို့ စိတ်ရဲ့သဘာဝ ကို မသိတော့ ဒုက္ခ ပေါ့၊ သဘာဝကို သဘာဝ အတိုင်း၊တနည်းအားဖြင့် ပညတ်နဲ့ ပရမတ် ကွဲကွဲပြားပြား သိမှ ဒုက္ခဆင်းရဲခြင်းမှ လွတ်မှာဖြစ်တယ်၊ ဒုက္ခဆိုတာ ကြည့်တဲ့အမြင်ပေါ်မူတည်ပီး ဆင်းရဲ တာနဲ့ ငြိမ်းချမ်းတာ နှစ်မျိုးဖြစ်နိုင်တာသိရမယ်။ဒါ့ကြောင့်ဒုက္ခငြိမ်းရာ သံသရာပြတ်တဲ့ နိဗ္ဗာန်ရောက်အောင် ဝိပ္ပဿနာအားထုတ်ကြတာဘဲ။
Posted inBurmese version