ဝိပဿနာ Vipassana ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်း၊ အထူးရှုမှတ်ခြင်း ဟု အဓိပ္ပါယ်ရရှိသည်။ တရားရှုမှတ်ခြင်းသည် အရာအားလုံးကို ထိန်းချုပ်လေ့ကျင့်မှု တစ်ရပ်ဖြစ်ပြီး ရှုမှတ်ခြင်းဖြင့် လေ့ကျင့်သူသည် “သိစိတ်ပျံ့လွင့်စိတ်” ကို ကျော်လွန်ပြီး စိတ်အနားပေးခြင်း (သို့မဟုတ် ) အထူးရှုမှတ်ခြင်း (သို့မဟုတ် ) သိမှတ်နေခြင်း၏ အနက်ရှိုင်းဆုံးသောအဆင့် သို့ ရောက်ရှိရန် ကြိုးပမ်း အားထုတ်ခြင်းဖြစ်သည်။ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ ၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀၂ ကျော် မဟာသက္ကရာဇ်(၁၀၃) ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆို လပြည့် စနေနေ့ ဘီစီ(၅၈၈) မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ နှင့် ဝိပဿ နာကျင့်စဉ်ကို ဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားအဖြစ်နှင့် (၄၅) နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ – ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။
သမထ Samatha နှင့် ဝိပဿ နာ Vipassana တရားရှုမှတ်ကျင့် ကြံအားထုတ်ခြင်းသည် ထင်ရှားသည်။ သမထ Samatha နှင့် ဝိပဿ နာ Vipassana နှစ်မျိုးစလုံးသည် ဉာဏ်အလင်းရရှိရန်အတွက်လိုအပ်သည်။ သမထ တွင်အမှတ်တစ်ခုတည်းအာရုံစိုက်ကြည့်ခြင်း စိတ်တည်ငြိမ်မှုစွမ်းရည်ကိုတိုး တက်ဖြစ်ထွန်းအောင်လေ့ကျင့်အားထုတ်ခြင်းဖြစ်ပြီး၊ ဝိပဿ နာ သည် ပကတိသဘာဝအမှန်များကိုရှုမြင်ခြင်းအားဖြင့် ထိုးထွင်းသိမြင်ခြင်းနှင့် ပညာတို့ တိုးတက် ဖွံ့ဖြိုး လာစေရန်ဖြစ်သည်။ (Vipassana in the Buddhism means insight into the true nature of reality, namely as the Three marks of existence: impermanence, suffering or unsatisfactoriness, and the realisation of non-self)အာနာပါန Anapanasati သည် သမထကျင့်စဉ် ၏ အစ တာထွက်ဟု ပြောနိုင်သော်လည်း အဆင့်အမျိုး မျိုးကိုဖြတ်သန်းသွားပြီး နောက်ဆုံးတွင် ဝိပဿ နာကျင့်စဉ်သို့ ရောက် ရှိအဆုံးသတ်သွားသည်။ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿ နာ ကျင့်စဉ်ကို ဘီစီ ၅၈၈ လွန်ခဲ့သော နှစ်ပေါင်း၂၆၀၂ -ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ မိမိ၏ ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည် ။ ပြန့်လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဋ္ဌဌာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်း သဘာဝ ( အနိစ္စ impermanent (anicca)၊ ဆင်းရဲခြင်း( ဒုက္ခ suffering (dukkha) နှင့် အစိုး မရသော( အနတ္တ Egolessness /not-self (anatta) သဘော သဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။ဝိပဿ နာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။