ကိုယ် မသုံးတော့တဲ့ ပစ္စည်းဟောင်းတစ်ခု သို့မဟုတ် ကိုယ့်အတွက် အသုံးမလိုတဲ့ ပစ္စည်းသစ်တစ်ခုကို ဘယ်သူ့ကိုမှ မပေးမစွန့်ဘဲသိမ်းဆည်းထားရင် အဲ့ဒီပစ္စည်းဟာ အမှိုက် ပဲ ဖြစ်ပါတယ်၊ ငါ့ပစ္စည်း ငါ့ဥစ္စာနဲ့ စွဲနေရင် တဏှာ ဒိဋ္ဌိ ကိလေသာတွေတောင် တိုးပွားလာမှာပါ၊ အသုံးလိုတဲ့သူကို ပေးလိုက် အသုံးတည့်တဲ့သူကို လှူလိုက် မလိုအပ်တာ စွန့်ကြဲလိုက် ဒါဆိုရင်တော့ ကာလဒါန လို့ခေါ်တဲ့ အချိန်ကိုက် အလှူ ဖြစ်သွားပါတယ် လိုအပ်သူကို လိုအပ်ချိန်မှာ လိုအပ်တာ လှူပေးခြင်းက အလှူရှင်မှာလည်းပဲ လိုအပ်ချက်မှန်သမျှ အချိန်ကိုက် အခါကိုက် ပြည့်စုံလာစေပါသည်။ လောလောဆယ်မှာ သူ့အတွက် အကျိုးရှိသလို နောင်တစ်ချိန်မှာလည်း ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရလာစေပါသည်။
ဓမ္မအသိဖြင့် အကျိုးရှိရှိ နေထိုင်နိုင်ကြပါစေ ![]()